အဲ့နေ့က ကောင်းကင်က မှိုင်းပြပြနဲ့။ တိမ်မဲတွေ။ လေစိမ်းတွေ။ ယိမ်းထိုးနေသော အုန်းပင်တွေ။ သစ်ရွက်လေတိုးသံလေးတွေ။ မကြာခင် မိုးဟာ ရွာတော့မယ့် အခြေနေပဲ။ အိမ်အပြင်မှာ လှန်းထားတဲ့ အဝတ်တွေ အထဲသယ်ဖို့လုပ်နေတုန်း မှာ မိုးဟာရွာချတယ်။ လူတစ်ယောက်က ပြာသိပြာယာ နဲ့ပေါ့။ ရုတ်တစ်ရက် မိုးရွာတဲ့ အချိန်မှာ လူဟာ မြေသင်းနံ့လေးတွေလဲ သတိမထားမိတော့ပါ။ အဝတ်တွေ သယ်လို့အပြီးမှာ ကြောင်ဝါဘေးတစ်ကောင် မိုးခိုနေတာ သတိထားမိတယ်။ ကြောင်မချစ်တက်တဲ့ လူသားတစ်ယောက်ကို အခြေနေက မြတ်နိုးစိတ်လေးဖြစ်စေတယ်။ ကြောင်မချစ်တက်တဲ့ လူသားဟာ တံခါးလေးစေ့ထားခဲ့တယ်။ မိုးတွေသည်းသည်ထက်သည်းလာရင် ဝင်နေလို့ရအောင်ပေါ့။ အိမ်ထဲဝင်ပြီး ကော်ဖီဖျော်တယ်။ ကော်ဖီတစ်ခွက်ရယ် သီချင်းတွေရယ် စီးကရက်ရယ်။ ဒီအချိန်ဟာ လူသားတစ်ယောက်ရဲ့ အေးဆေးဆုံးအချိန်ပဲ။ အဆိုပါဧည့်သည်ကြောင်ဝါကလေးဟာ ဗိုက်ဆာနေပုံပဲ။ သူစိမ်းလူသားတစ်ဦးဆီ မျှော်လင့်ချက်နဲ့ အစာတောင်းနေပုံကိုကြည့်ပြီး တွေးမိတယ်။ ပုစွန်ခြောက်လေး နဲနဲရယ် ငါးကြော်တစ်ပိုင်းရယ် နယ်ပြီး အခန်းထောင့်လေးမှာ ပုံကျွေးလိုက်တယ်။ ဆရာသမား က ချက်ခြင်းမစားဘူးဗျာ့ အိုင်တင်ခံနေပြီး မသက်သာတဲ့အဆုံးမှ ဆွဲတာ ခေါင်းတောင...