Skip to main content

သည်းခံခြင်း

 


တစ်ခုခုကို သည်းမခံနိုင်တော့ရင် အချိန်နည်းနည်းထပ်ယူလိုက်ပါ။ အဲ့တာ က ဒေါသကိုဖြေဖျောက်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။ 


ငါက Motivation speaker တစ်ယောက်မဟုတ်သလို အောင်မြင်ရေးတွေလဲ မပြောတက်ပါဘူး။

ကိုယ်တိုင်တောင် မပြိုလဲသွားအောင် ထိန်းနေရတဲ့ လူတစ်ယောက်က မင်းကို စိတ်ဓာတ်မကျဖို့ ဘာညာလဲ မပြောနိုင်ပါဘူး။ ဒါပေမယ့် မင်းကို အကြံတစ်ခုပေးချင်တယ်။

ဒေါသထွက်တိုင်း ဒေါသဖြစ်စေတဲ့ အကြောင်းတရားကို ရင်မဆိုင်လိုက်ပါနဲ့ အဲ့အရာကို တက်နိုင်သမျှ ရှောင်ပါ။ 

အချိန်နည်းနည်းယူပါ။ ဒေါသဆိုတာ သွေးဆူနေတုန်းတစ်ချက်ပဲ ဖြစ်တက်တဲ့ စိတ်ထဲက ဒုက္ခအပေးဆုံး အစိုင်အခဲ ကြီးတစ်ခုပါ။ 

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကို တစ်ချက်လောက်ပြန်တွေးကြည့်ပါ။ မင်းအဲ့အချိန်လောက်က ဘာမှမဟုတ်တဲ့ ကိစ္စတွေ နဲ့ ဒေါသတွေ ဖြစ်ဖူးခဲ့မယ်။ ဘာမှမဟုတ်တဲ့ ပြဿနာတွေနဲ့ မင်းဟာ ဒေါသ ရှေ့တန်းတင်ခဲ့ဖူးပါလိမ့်မယ်။

အဲ့အရာက အခုအချိန်ပြန်တွေးကြည့်ရင် ရယ်စရာကြီးပါ။

ငါ အရင်က ဘာမှမဟုတ်တာတွေနဲ့ ပြဿနာတွေ တက် ဒေါသတွေထွက်ခဲ့ဖူးပါတယ်။ 

ငါတို့က ပြဿနာကို ရင်ဆိုင်ဖို့စဉ်းစားရင်း ဒေါသ ပါလာတာကို ပြဿနာရဲ့ အဖြေလို့ထင်သွားကြတယ်။ 

အဲ့တာတွေက တစ်ကယ်အဖြေအစစ်အမှန်လားဆိုတာ ကွဲကွဲပြားပြားမသိပဲ ပြဿနာရဲ့ အဖြေလို့မှတ်ယူသွားကြတယ်။ 

သည်းခံခြင်း အကြောင်းဟာ ဘုရားဟော မင်္ဂလသုတ် မှာပါဝင်ပါတယ်။ 

ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအားလုံးတို့အား ချမ်းသာကိုပေးတတ်ခြင်းဟာ မင်္ဂလာတရားဖြစ်သတဲ့။ 


မင်္ဂလသုတ် မြန်မာပြန်တွင် အို... နတ်သား... သည်းခံတတ်ခြင်း ၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း ၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း ၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာ ဟူ၍ သင် မှတ်သားဦးလော့ (ခန္တီစ သောဝစဿတာ၊သမဏာနဉ္စ ဒဿနံ၊ကာလေန ဓမ္မသာကစ္ဆာ၊ဧတံ မင်္ဂလ မုတ္တမံ လို့ မြတ်စွာဘုရားရှင်က မိန့်ဆိုဖူးပါတယ်။


ပြန်တွေးကြည့်တဲ့အခါ ငါတို့ဟာ ဦးသုံးကြိမ်ကို ပုဆိန်ပေါက်သလို ချနေပေမယ့် ဗုဒ္ဓမြတ်စွာဘုရား ဟော ခဲ့တာ လမ်းညွှန်ဆုံးမ ခဲ့တာတွေ လက်တွေ့ မကျင့်သုံးကြပါဘူး။ ခန္ဓီပါရမီ ပြည့်စုံရမယ်လို့မဆိုလိုပါဘူး။ မင်းစိတ်အေးချမ်းနိုင်ဖို့တော့ မင်း သည်းခံနိုင်စွမ်းလေး ပိုရှိသင့်ပါတယ်။


သည်းမခံနိုင်တဲ့ အခါ အချိန်နည်းနည်းယူကြည့်ပါ။

အချိန်အတိုင်းအတာ တစ်ခုရောက်ရင် မင်းဟာ ထင်တာထက်ပိုသည်းခံနိုင်စွမ်းရှိကြောင်း မင်းသတိထားလာမိလိမ့်မယ်။ 


Annt Hmue Mahr 

ကိုးကား : မင်္ဂလသုတ် (မြန်မာပြန်)

Comments