အဲ့နေ့က ကောင်းကင်က မှိုင်းပြပြနဲ့။
တိမ်မဲတွေ။ လေစိမ်းတွေ။ ယိမ်းထိုးနေသော အုန်းပင်တွေ။
သစ်ရွက်လေတိုးသံလေးတွေ။
မကြာခင် မိုးဟာ ရွာတော့မယ့် အခြေနေပဲ။
အိမ်အပြင်မှာ လှန်းထားတဲ့ အဝတ်တွေ အထဲသယ်ဖို့လုပ်နေတုန်း မှာ မိုးဟာရွာချတယ်။
လူတစ်ယောက်က ပြာသိပြာယာ နဲ့ပေါ့။
ရုတ်တစ်ရက် မိုးရွာတဲ့ အချိန်မှာ လူဟာ မြေသင်းနံ့လေးတွေလဲ သတိမထားမိတော့ပါ။ အဝတ်တွေ သယ်လို့အပြီးမှာ
ကြောင်ဝါဘေးတစ်ကောင် မိုးခိုနေတာ သတိထားမိတယ်။
ကြောင်မချစ်တက်တဲ့ လူသားတစ်ယောက်ကို အခြေနေက မြတ်နိုးစိတ်လေးဖြစ်စေတယ်။
ကြောင်မချစ်တက်တဲ့ လူသားဟာ တံခါးလေးစေ့ထားခဲ့တယ်။
မိုးတွေသည်းသည်ထက်သည်းလာရင် ဝင်နေလို့ရအောင်ပေါ့။
အိမ်ထဲဝင်ပြီး ကော်ဖီဖျော်တယ်။
ကော်ဖီတစ်ခွက်ရယ် သီချင်းတွေရယ် စီးကရက်ရယ်။
ဒီအချိန်ဟာ လူသားတစ်ယောက်ရဲ့ အေးဆေးဆုံးအချိန်ပဲ။
အဆိုပါဧည့်သည်ကြောင်ဝါကလေးဟာ ဗိုက်ဆာနေပုံပဲ။
သူစိမ်းလူသားတစ်ဦးဆီ မျှော်လင့်ချက်နဲ့ အစာတောင်းနေပုံကိုကြည့်ပြီး တွေးမိတယ်။
ပုစွန်ခြောက်လေး နဲနဲရယ် ငါးကြော်တစ်ပိုင်းရယ် နယ်ပြီး အခန်းထောင့်လေးမှာ ပုံကျွေးလိုက်တယ်။
ဆရာသမား က ချက်ခြင်းမစားဘူးဗျာ့
အိုင်တင်ခံနေပြီး မသက်သာတဲ့အဆုံးမှ ဆွဲတာ ခေါင်းတောင် မဖော်ရှာဘူး။
ဩဂုတ်လရဲ့ မိုးတွေဟာ လူတစ်ယောက်ကို ပလက်ကုလားထိုင်ပေါ်မှာ အိပ်ပျော်သွားစေခဲ့တယ်။
...
ည၇နာရီလောက်ပြန်နိုးလာတယ်။
ဧည့်သည်ကြောင်ဝါလေးဟာ ကျွန်တော်ပေါ်မှာ အိပ်နေခဲ့တယ်။
ဒီအိမ်ဆီ စပြောင်းပြီး ကတည်းက ကျွန်တော့်အိမ်လာလည်တဲ့ တစ်ဦးတည်းသော ဧည့်သည်လေးကို ဧည့်ဝတ်တော့ ကျေပေးရဦးမှာပဲ။
ရေလဲပုဆိုးအဟောင်းတစ်ထည် ကိုခင်းပေးပြီး ထမင်းနဲနဲ နဲ့ ရေခွက်လေး ထားပေးထားတယ်။
ဧည့်သည်ကြောင်ဝါလေး ကျွန်တော့်ကို ကျေးဇူးတင်လောက်မှာပါ။
ဒီလိုနဲ့ ဒီကောင် နှစ်ပတ်လောက်အိမ်မှာလာနေနေတယ်။
တော်တော်တောင် ဝဖြီးလာပြီ။ကျွန်တော့်အိမ်ထဲရောက်ရောင်ချင်းတုန်းက လေ့လွင့်နေတဲ့ ရုပ်တောင် မပေါ်တော့ပဲ ဝဝကစ်ကစ် ဝက်ပေါက်လေး ဖြစ်လာတယ်။
တစ်လခွဲလောက်ကြာတော့ ကျွန်တော်လည်း အိမ်လခ အတွက်အခက်ခဲတွေရှိလာတယ်။ အိမ်ပေါ်က ဆင်းပြီး ကိုယ့်ဘဝ ကိုယ်ရုန်းကန်မယ်ဆိုပြီး အားတင်းထားပေမယ့်
ဆင်ခြေဖုံးရက်ကွက်က တစ်လ ခြောက်သောင်းအိမ်ကလေး အတွက် လခတောင် အခက်ခဲဖြစ်လာတယ်။
အလုပ်လေးတစ်ခုခုလောက်ရှာရမှာပေါ့။
ဘဝကို ဆံပင်ညှပ်အလုပ်သင်အနေနဲ့ စဖို့အကြောင်းဖန်လာတယ်လို့ဆိုရမယ်။ လခ ရယ်လို့ များများစားစားမရပေမယ့် ပညာသင်ရတယ် ထမင်းကျွေးတယ် အိမ်လခလေး ကာမိယုံလောက်ဆိုတော့ အဆင်ပြေခဲ့ပါတယ်။ ဒီလိုပဲ စ ရမှာပေါ့။
ဒီရက်ပိုင်းတော့ အိမ်မှာ သိပ်မရှိခဲ့ပါဘူး။
မနက်ဆို ၆:၃၀လောက်ဆိုတာနဲ့ ဆင်ခြေဖုံးရက်ကွက်ကနေ မြို့ထဲထိ ရထားစီးပြီးသွား ညဆို ၇နာရီလောကျဆိုငျပိတျတော့ မြို့ပတ်ရထားလဲမမှီပြန်။ ညဘက်ဆို ဘတ်ကားလည်း ရှားတယ်။ ဒိုင်နာကားလေး အနောက်မှာ တွယ်ပြီးစီးရရင် ကို အိမ်ပြန်ရောက်မယ်အသိနဲ့တင် ပျော်နေပါပြီ။
ဒီလိုနဲ့ အနည်းငယ်ကြာလာတော့ ကျွန်တော်ဟာ လခ စား အလုပ်သင်ကလေး ဖြစ်လာတယ်။ လစာက တစ်သိန်းနှစ်သောင်းပေါ့။
ပထမဆုံး လစာထုတ်တော့ အရမ်းပျော်မိတယ်။
ကျွန်တော် အဲ့နေဆိုင်ကနေ စောစောဆင်းပြီး ပလာဇာဘက်မှာ အကျီလေး တစ်ထည်နှစ်ထည်လောက်ဝယ်တယ်။
ဒီညအဖို့ ဝက်ခေါက်ကင်ထမင်းပေါင်းလေး ပါဝယ်ခဲ့လိုက်တယ်။
ပြီးတော့ အိမ်ပြန်မယ် ပေါ့။
ညနေမစောင်းခင်ဆိုတော့ ကားလည်းလူချောင်တယ်။
ကျွန်တော် ပထမဆုံးလစာနဲ့ဘာဝယ်ရင်ကောင်းမလဲ တွေပြီး စိတ်ကူးယဉ်နေခဲ့တယ်။
ကားသုံးမှတ်တိုင်လောက်သွားပြီးတော့ ကျွန်တော် ဝယ်စရာတစ်ခုကျန်နေလို့ ဆင်းပြီးပြေးဝယ်တယ်။ ကြောင်စာ တစ်ထုတ်ပါ။ ဟျုကောငျလေးအတှကျလဲ ဝယ်ရဦးမှာကိုး။
အဲ့နေ့ဟာ အတက်ကြွဆုံးပါပဲ။ စိတ်ဖိစီးစရာ ရက်ကွက်လေးတောင် သာယာနေတယ်။
အိမ်ပေါ်တက်ပြီး တံခါးတွေဖွင့်အထုပ်တွေချ ပြီး အနားယူလိုက်တယ်။ ပိတိဖြစ်ဖြစ်နဲ့ မောနေတဲ့ လူသားတစ်ဦးပဲ။
ကျွန်တော် ကြောင်စာခွက်ကို ကြည့်မိတာ ထမင်းတွေလည်း ခြောက်ကပ်နေတာ အတော်ကြာပြီ ရေဆိုရင်လည်းဖုန်တွေနဲ့။ ဒီကောင်ဘယ်ရောက်နေလည်း လိုက်ရှာကြည့်တယ် မတွေ့မိဘူး။ ဒီကောင့်ကို ဘယ်နေ့နောက်ဆုံးတွေ့ခဲ့လည်း စဉ်းစားမရတော့ဘူး။ လူက အလုပ်နဲ့လူ လူနဲ့အလုပ် ရုန်းကန်နေတော့ ဒီကောင်လေးကို ဂရုမစိုက်နိုင်ခဲ့ဘူး။
ကျွန်တော် သတိရတဲ့အခါ ဧည့်သည်ကြောင်ဝါကလေးဟာ အိမ်ပြန်သွားပါပြီ။
Annt Hmue Mahr
21.1.2021
Comments
Post a Comment