Skip to main content

Posts

Showing posts from September, 2020

အိမ်အမှတ်-၂၅

ကျွန်တော် မှာအိမ်ရှိတယ်။  အိမ်ဆိုတာ က ခင်များတို့မှာလည်းရှိလိမ့်မယ်။  အိမ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဘယ်လိုဖွင့်လည်း မသိပေမယ့် ကျွန်တော်ဆိုလိုချင်တဲ့ အိမ်ရဲ့ အဓိပ္ပါယ်က တစ်ခုရှိတယ်။  အိမ်အမှတ် ၂၅တဲ့။ ကမ်းနားလမ်းမှာရှိတာ။ ကျွန်တော်မွေးကတည်းက နေခဲ့တဲ့ နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး။ ရေနံချေးတွေလဲ သုတ်ထားတာမှဝလို့။ အိမ်ကြီးက ကျွန်တော်မျက်လုံးထဲမှတ်မိသေးတယ်။ ဝရံတာဆို မိုးတွင်းပိုင်းဆို မိုးတစ်အား ပက်တော့ တာလဘတ် လို့ခေါ်တဲ့ မိုးအကာကြီးအုပ်ထားတယ်။ အိမ်က မြို့ရဲ့ စျေးကြီး အရှေ့မှာ ဆိုတော့ သူများ အိမ်တွေလိုဆိတ်ငြိမ်မှုမရှိဘူး။ အမြဲတမ်းလိုလို လူမပြတ်ဘူး။ မျက်လုံးထဲမှာတောင် မြင်နေရသေးတယ်။  ၄ပေ စလောင်းက လာတဲ့ သတင်းတွေဖွင့်ထားတယ်။ အိမ်အတွင်းပိုင်းက ခပ်မှိုင်းမှိုင်းနဲ့ အိမ်ရှေ့ ခန်းမှာ ဘွဲ့ ဓာတ်ပုံတွေတောင် သိပ်များများစားစားမရှိသေးဘူး။ ဘကြီး က လိုင်းမမိသေးတဲ့ ရေဒီယို ကို လှည့်နေတယ်။ သတင်းမလာခင် ဆိုင်းသံလေးဆို နားထဲစွဲနေတာပဲ။  စူပါကပ်အဖြူလေး တစ်စီးရှိမယ်။ အိမ်ရှေ့ပလက်ဖောင်းမှာတော့ “အဆွေတော်” ဆိုတဲ့ နာရီပြင်ဆိုင်သေးသေးလေးရှိတယ်။  အဲ့ဒီအိမ်က ကျွန်တော့်ကိုယ်ပိုင်တော့ မဟုတ်ဘူး။ ဒါပ...

လဲကျပြီး ပြန်ထသော အခါ

  လူတွေက   တစ်နေ့တာရဲ့  40%  လောက်ကို   မှတ်မိနိုင်တဲ့   မှတ်ဉာဏ်ရှိပါတယ်။   မှတ်ဉာဏ်တွေဆိုတာ   ကိုယ်ရဲ့   အတိတ်ကာလ   တစ်ခု ကို   အမြဲတမ်းတွေးမိနေတာပဲ။   မှတ်ဉာဏ်ဆိုတာ   ပျော်စရာအရမ်းကောင်းခဲ့တဲ့အရာတွေဆိုရင်မှတ်မိတာပိုကြာပါတယ်။   ပုံမှန်နေ့တိုင်းသွားလာလှုပ်ရှားတာတွေကတော့   မေ့သွားတာ   မမှတ်မိတာများတယ်။   သာမန်ဖြစ်နေကြပုံစံတွေမို့   သင့်အတွက်အထူးအဆန်းမဖြစ်စေတာပါ။   ကျွန်တော်ဘဝရဲ့   မှတ်ဉာဏ်တွေထဲကတစ်ခု   ကိုပြောရမယ်ဆိုရင်   ပျော်စရာမှတ်ဉာဏ်   တွေထက်   အဆင်မပြေခဲ့တာမှတ်ဉာဏ်ကာလ   အစိတ်အပိုင်းတစ်ခုဖြစ်ပါလိမ့်မယ်။ ကျွန်တော်   ဆယ်တန်းကျတုန်းကပေါ့။ တော်တော်လေး   အဆင်မပြေခဲ့တာတွေဖြစ်ခဲ့ပါတယ်။ ဆယ်တန်းအောင်မှ   လူရာသွင်းတော့   အဲ့အချိန်က   ကျွန်တော့်ခံစားချက်က   အရှံးသမားလို   လူပိုတစ်ယောက်လို အသုံးမကျတဲ့   လူတစ်ယောက်ဖြစ်ခဲ့ရတယ်။   ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့က   ကျွန်တော်စာမေးပွဲအောင်လား   ဆိုပြီးလာမေးတိုင်း   ပြုံ...

နာကျင်ခြင်းမရှိအောင် နေထိုင်ခြင်း

  ကျွန်တော်မှာ   မွေးရာပါ   ဟေရင်ရိုးမာ   လို့ခေါ်တဲ့   အရေပြားအောက်မှာဆံချည်မျှင်သွေးကြောထုံးတဲ့   ရောဂါ   ရှိခဲ့တယ်။ သူများတွေ   လေးဘက်ထောက်တဲ့   အရွယ်မှာ   ကျွန်တော့်   ခြေထောက်နှစ်ဘက်မညီခဲ့သေးပါဘူး   ခန္ဓာကိုယ်   အောက်ပိုင်းတစ်ခြမ်း သွေးကြောထုံးပြီး   ကြီးထွားမှုဟောမုန်း   နည်းနေတာပါ။   ယခုအချိန်အထိ   တင်ပါး   တစ်ဘက်နှင့်တစ်ဘက်မညီသေးပါဘူး။ ကျန်းမာရေး   ခြူချာတာပါ။   ခြူချာတဲ့   အဆင့်မဟုတ်တော့ပါဘူး။   ကုသလို့မရတဲ့   မွေးရာပါရောဂါ   ဖြစ်ခဲ့တာပါ။   အဲ့သွေးကြောထုံးတာက   အူလမ်းကြောင်း   တွေမှာပါဖြစ်ပါတယ်။   အူနံရံတွေမှာသွေးကြောတွေ   ခဏခဏ   ဆိုသလိုပေါက်တက်ပါတယ်။   သွေးဝမ်းသွားပါတယ်။   အရမ်းဆိုးတဲ့ကာလတွေဆို   တစ်လမှာ   လေးခါလောက်သွေးဝမ်းသွားပါတယ်။   ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး   သွေးယိုတယ်ဆိုပြီး   ရှက်ခဲ့ဖူးပါတယ်။ အဲ့လိုသွေးယိုတိုင်းလည်း   ဗိုက်ထဲမခံစားနိုင်အောင်နာပါတယ်။   ၈ / ၉ / ၁၀   ဆို ...

ညီလေး သို့ ပေးစာ

ဒီမှာ   ညီလေး   အစ်ကို့ဘဝမှာ   အကို   ရုန်းကန်ခဲ့ရတဲ့   အချိန်ကို ပြောပြပါလားလို့   မင်း   မေးခဲ့ရင်   အကိုပြောပြမိမယ့်   အကြောင်းက   အစ်ကို့   ရဲ့   ဆယ်တန်းနှစ်   ပဲ။   အစ်ကိုအခုထိ   အဲ့တာတွေ   မေ့မရသေးဘူး။ ဘာလို့လဲဆိုတော့   အစ်ကို   က   ဆယ်တန်းကျခဲ့လို့ပါပဲ။ လူတော်တော်များများက   ဆယ်တန်းအောင်ရတဲ့   ခံစားချက်ကိုပဲသိတာများတယ်ကွာ။   ဆယ်တန်းကျ   တစ်နှစ်လုံး   တိုင်ပက်ပြီး အောင်ဖို့   ရုန်းကန်ရ   နှစ်ခါပြန်ကြိုးစားပြီးမှာမှ   အောင်သွားတဲ့   ခံစားချက်တော့   လူတိုင်းရမှာမဟုတ်ဘူး။ အဲ့ခံစားချက်လေး   အစ်ကိုရလိုက်တယ်   ညီလေး။   အစ်ကို   ဆယ်တန်းမကျခင်က   ဆယ်တန်းဆိုတာ   ပေါ့ပေါ့နေ   ပေါ့ပေါ့စား   လုပ်ခဲ့မိတယ်။   အချိန်တန်ရင်   အောင်သွားမှာပါ  ဆိုပြီး   နေခဲ့တာ။   လက်ရှိ   ပညာရေးစနစ်က   တစ်နှစ်တစ်တန်းအောင်ခဲ့တော့   အချိန်တန်ရင်   အောင်သွားမှာပါလို့   အတွေးအခေါ်တွေ ...