ကျွန်တော်မှာ မွေးရာပါ ဟေရင်ရိုးမာ လို့ခေါ်တဲ့ အရေပြားအောက်မှာဆံချည်မျှင်သွေးကြောထုံးတဲ့ ရောဂါ ရှိခဲ့တယ်။
သူများတွေ လေးဘက်ထောက်တဲ့ အရွယ်မှာ ကျွန်တော့် ခြေထောက်နှစ်ဘက်မညီခဲ့သေးပါဘူး ခန္ဓာကိုယ် အောက်ပိုင်းတစ်ခြမ်းသွေးကြောထုံးပြီး ကြီးထွားမှုဟောမုန်း နည်းနေတာပါ။ ယခုအချိန်အထိ တင်ပါး တစ်ဘက်နှင့်တစ်ဘက်မညီသေးပါဘူး။ကျန်းမာရေး ခြူချာတာပါ။
ခြူချာတဲ့ အဆင့်မဟုတ်တော့ပါဘူး။ ကုသလို့မရတဲ့ မွေးရာပါရောဂါ ဖြစ်ခဲ့တာပါ။ အဲ့သွေးကြောထုံးတာက အူလမ်းကြောင်း တွေမှာပါဖြစ်ပါတယ်။ အူနံရံတွေမှာသွေးကြောတွေ ခဏခဏ ဆိုသလိုပေါက်တက်ပါတယ်။
သွေးဝမ်းသွားပါတယ်။ အရမ်းဆိုးတဲ့ကာလတွေဆို တစ်လမှာ လေးခါလောက်သွေးဝမ်းသွားပါတယ်။ ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး သွေးယိုတယ်ဆိုပြီး ရှက်ခဲ့ဖူးပါတယ်။
အဲ့လိုသွေးယိုတိုင်းလည်း ဗိုက်ထဲမခံစားနိုင်အောင်နာပါတယ်။ ၈/၉/၁၀ ဆို ဆေးရုံမှာ လနဲ့ချီနေခဲ့ဖူးရပါတယ်။ သွေးတွေ တလဟော ထွက်တဲ့အချိန်ဆို အများဆုံးသွေး ၇ပုလင်းအထိသွေးသွင်းခဲ့ဖူးပါတယ်။
ဒါကကျွန်တော်ကျန်းမာရေးနဲ့ပက်သက်ပြီး မွေးကတည်းက ကံမကောင်းခဲ့တာပါ။
ပြီးတော့ မကောင်းတာက တစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး။ မိသားစုအခြေအနေ ကောပါပဲ။ ကျွန်တော် ညီမွေးပြီးသိပ်မကြာပါဘူး။ အဖေနဲ့အမေ ကွဲတယ်။ အဖေ ရော အမေရော နောက်အိမ်ထောင်ပြုတယ်။ ကျွန်တော် က အဖွားနဲ့နေရတယ်။ ကျောင်းမှာ အမြဲတမ်း စနောက်ခံရပါတယ်။
မိသားစုနဲ့ ပတ်သတ်တာမျိုးတွေ တွေ့ရင် ကြားရင် ငိုခဲ့ရပါတယ်။ အမြဲတမ်း စိတ်မကောင်းဖြစ်နေခဲ့ရတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော့်မျက်စိရှေ့တင် ရန်ဖြစ်ခဲ့ကြတော့ စိတ်ဒဏ်ရာတွေဖြစ်ခဲ့တာပေါ့။
ကျွန်တော် အဲ့လိုအနိုင်ကျင့်ခံတာတွေ နိမ်ခံရတာတွေဖြစ်တော့ ကျွန်တော့်အဖွားက ရန်ကုန် ရွှေပြည်သာ ဘက်က ကပ ကျောင်းတစ်ခုမှာ ကျောင်းအိပ်ကျောင်းစားထားပါတယ်။ ကျွန်တော်မနေနိုင်ပါဘူး။ ကျွန်တော်ရောဂါ အမြဲလိုလိုဖြစ်တော့ ဖျားနာနေတဲ့အခါ ဘေးနားဘယ်သူမှမရှိနေဘူးလေ ဖုန်းလဲ ဆက်မရဘူး။ အဲ့အချိန် အဖေလည်းနောက်အိမ်ထောင်ပြုထားတယ်။ အမေလည်းနောက်အိမ်ထောင်နဲ့ ကျွန်တော့်ကို ဂရုစိုက်တဲ့အဖွားက လည်း ဘေးနားမှာမရှိ။ ရောဂါကလည်း အမြဲလိုလို ဖြစ်နေတော့ ကျွန်တော်စိတ်ထွက်ပေါက်ရှာလာမိပါတယ််။
ကျွန်တော် လရှည်သောက်ရတဲ့ ဆေးတွေရှိပါတယ်။
ကျွန်တော် ကိုယ့်ကိုကိုယ် သတ််် သေ ဖို့ ကြိုးစားခဲ့ဖူးတယ်။
တစ်ကယ်လည်း လုပ်ခဲ့ပါတယ်။ ကျွန်တော် အဲ့တုန်းက လရှည်သောက်ရမယ့်ဆေးတွေ အကုန် ဖောက်သောက်ပြီး သေ ကြောင်းကြံစီခဲ့မိတယ်။ ကံကောင်းတာပဲပြောရမလား။ သေကံမပါတာပဲပြောရမလား ဘေးက ကုတင်ကအကိုကျောင်းပြန်လာတော့ ကျွန်တော့်ဆေးအခွံတွေ ကြည့်ပြီး သူရိပ်မိသွားတယ်။ ဆေးတွေအကုန်သောက်လိုက်တာသူသိတော့ အဆောင်မှူးဆီတိုင်ပြီး ဆေးရုံအမြန်ပို့လိုက်ပါတယ်။ အဲ့မှာ ကျွန်တော့်ပါးစပ်ထဲ ကိုပိုက်ထည့်ပြီး ဆေးတွေပြန်စုပ်ထုတ်တော့ ပြန်ထွက်လာပါတယ်။ အစာအိမ်ကဆေးတွေအကုန်လက်မခံနိုင်တော့ အကုန်လုံး လိုလို ပြန်အန်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းတာက
အူလမ်းကြောင်းထိပြီး အဲ့ကနေစပြီး ယခုချိန်အထိ အစာအိမ်ကနေ သွေးယိုနေပါတယ်။ အမြဲတမ်းလိုလို အမျိုးသမီးသောက်တဲ့သံဓာတ်အားဆေးတွေ သူတို့ထက် သုံးဆ သောက်နေရပါတယ်။ အမြဲတမ်းလိုလိုလဲ ဆေးခန်းပြနေရပါတယ်။
အရင်တုံးက ဆို ကျွန်တော် စိတ်ဓာတ်တွေအရမ်းကျခဲ့ပါတယ်။
သတ််််် သေ တဲ့အဆင့်ထိ လုပ်ခဲ့ဖူးပါတယ်။
အမြဲတမ်းငိုခဲ့ရဖူးပါတယ်။
ကိုယ်ဘာမှမလုပ်ပဲ မလိုချင်တဲ့ ရောဂါဆိုးကို မွေးကတည်းက ရခဲ့တယ်။
လိုချင်တဲ့ မိဘမေတ္တာ ကျမရပြန်ဘူး။
အမြဲတမ်းအနှိမ်ခံရတယ်။ အမြဲတမ်းကျောင်းတွေပြောင်းပြီး နေခဲ့ရတယ်။
ကျွန်တော့် ကိုယ်ကျွန်တော် ပြန်သုံးသပ်ကြည့်တော့ ကျွန်တော်ဟာ ဘဝနာ တဲ့ သနားစရာကောင်လေးတစ်ယောက်လို့ ကိုယ့်ကိုကိုယ်သတ်မှတ် ထားမိခဲ့လို့ပါပဲ။
မိဘမေတ္တာ မရခဲ့လို့ အမြဲတမ်းအချစ်ခံချင်နေတယ်။
အမြဲတမ်း ကျန်းမာနေချင်တယ်။
မိဘဆီက အချစ်မခံရလည်း တစ်ခြားကိုယ့်မိသားစုတွေ ကိုယ်ကိုချစ်တယ်ဆိုတာ သဘောပေါက်နားလည်ခဲ့တယ်။
ဂရုစိုက်မှုတွေ အုပ်ထိန်းသူတွေဆီက ရခဲ့တယ်။
ကျန်းမာရေး ကောင်အောင်နေထိုင်ခဲ့တယ်။
ကျွန်တော် အခုချိန်ဘာလို့ အဆင်ပြေအောင်နေနိုင်ခဲ့သလဲ။
သူများတွေနဲ့ အစစအရာရာ တန်းတူမဖြစ်တဲ့ ကျွန်တော် စိတ်ဓာတ်တွေမကျခဲ့တော့ပါဘူး။
အဓိက ကျွန်တော်လုပ်ခဲ့တာ တစ်ခုက ကိုယ့်ကိုက်ိုယ် သနားစရာ ဘဝနာတဲ့ သူလို့မသတ်မှတ်တော့ပဲ။ ငါလည်း သာမန်လူတစ်ယောက်ပါပဲလို့ စိတ်ထဲထားတယ်။ စိတ်ညစ်စရာတွေ ခေါင်းထဲမထည့်တော့ဘူး။
ဒီလိုပဲ ကိုယ့်ဘဝ ဆိုးတယ်ဆိုရင် အဲ့ဘဝ မှာ လိုက်လျောညီထွေ ဖြစ်အောင်နေကြည့် အဆင်ပြေသွားလိမ့်မယ်။
တစ်စုံတစ်ယောက်အားစိတ်ဓာတ်ခွန်အားရစေရန်ရည်ရွယ်ပါသည်။
Comments
Post a Comment