Skip to main content

ညီလေး သို့ ပေးစာ



ဒီမှာ ညီလေး အစ်ကို့ဘဝမှာ အကို ရုန်းကန်ခဲ့ရတဲ့ အချိန်ကို

ပြောပြပါလားလို့ မင်း မေးခဲ့ရင် အကိုပြောပြမိမယ့် အကြောင်းက အစ်ကို့ ရဲ့ ဆယ်တန်းနှစ် ပဲ။ အစ်ကိုအခုထိ အဲ့တာတွေ မေ့မရသေးဘူး။


ဘာလို့လဲဆိုတော့ အစ်ကို က ဆယ်တန်းကျခဲ့လို့ပါပဲ။

လူတော်တော်များများက ဆယ်တန်းအောင်ရတဲ့ ခံစားချက်ကိုပဲသိတာများတယ်ကွာ။ ဆယ်တန်းကျ တစ်နှစ်လုံး တိုင်ပက်ပြီးအောင်ဖို့ ရုန်းကန်ရ နှစ်ခါပြန်ကြိုးစားပြီးမှာမှ အောင်သွားတဲ့ ခံစားချက်တော့ လူတိုင်းရမှာမဟုတ်ဘူး။

အဲ့ခံစားချက်လေး အစ်ကိုရလိုက်တယ် ညီလေး။ 

အစ်ကို ဆယ်တန်းမကျခင်က ဆယ်တန်းဆိုတာ ပေါ့ပေါ့နေ ပေါ့ပေါ့စား လုပ်ခဲ့မိတယ်။ အချိန်တန်ရင် အောင်သွားမှာပါ ဆိုပြီး နေခဲ့တာ။ လက်ရှိ ပညာရေးစနစ်က တစ်နှစ်တစ်တန်းအောင်ခဲ့တော့ အချိန်တန်ရင် အောင်သွားမှာပါလို့ အတွေးအခေါ်တွေ ဝင်ခဲ့တယ်။ 

ခေတ်စကားအရ ခွေးမဖြစ်ခင်ပေါ့။ မင်းရဲ့ အစ်ကို ငါ အဲ့တုန်းက တော်တော်လေး အသုံးမကျခဲ့ဘူး။ တစ်ချို့က ဆယ်တန်းကျသွားတော့ စိတ်ဓာတ်ကျကြတယ်။ ငါလည်း စိတ်ဓာတ်တွေ ကျခဲ့တာပါပဲ။ အိပ်ယာထဲ ဘုံးဘုံးလဲ ပဲ။

ပြန်တောင်မဖြေဘူး လို့ စဉ်းစားသေးတယ်။ အဲ့တုန်းက ငါ့ကို “အောင်လား” လို့ မေးတဲ့သူတိုင်းကို “ကြည့်နေ တစ်နေ့ ငါအောင်မြင်လာရင် သောက်ခွက်ကို ငွေနဲ့ ပစ်ပြမယ်” ဘာညာ 

လက်တွေ့မဆန်တဲ့ အတွေးတွေ သောက်ရမ်းဝင်လာတယ်။

အောင်စာရင်း ကရက်ထာတာ တစ်လလောက်ကြာတော့ ငါ အတွေးအခေါ်တွေ နည်းနည်းပြောင်းလာတယ်။

ဒီလိုကွာ ငါက ဆယ်တန်းပြန်မဖြေပဲ စီးပွါးရေးပဲ လုပ်မယ်လို့ အံကြိတ်ထားတယ်။ ပြီးတော့ သေချာ ပြန်တွေးကြည့်တော့ ဆယ်တန်းစာမေးပွဲမှာတောင် သောက်သုံးမကျတဲ့ “ငါက စီးပွ့ါးရေး လုပ်တော့ အောင်မြင်မှာလား။ အဲ့လောက်ဇွဲရှိရင် ဆယ်တန်းစာမေးပွဲကို အောင်အောင် ဖြေပေါ့။ မင်းကိုဘယ်သူက ယုံကြည်ပြီး အရင်းနှီးလုပ်ပေးမှာလဲ။မင်းကိုယ်မင်း ရပ်တည်နိုင်ပြီလား။

ဒီလို self question တွေမေးမေးလာတော့ စိတ်ထဲ သောက်တစ်လွဲခံယူချက်တွေ ပြောင်းလာတယ်။ 

အစ်ကို့မျက်လုံးထဲ မှာ မျက်ရည်ဝဲနေပေမယ့် အစ်ကို့အုပ်ထိန်းသူတွေရဲ့ မျက်လုံးမှာ မျှော်လင့်ချက် တွေ မြင်ခဲ့ရတယ်။ 

အဲ့အချိန် သူတို့ကိုမြင်ရတာ သိပ်သနားဖို့ကောင်းတာ 

သူတို့မှာ တာဝန်ကျေအောင် ထားပေမယ့် ရလာဒ်မလှတဲ့ အစ်ကို့ကြောင့် သူတို့ မျက်နှာငယ်ခဲ့ရတယ်။

သူများတွေက “ဘယ်ကျောင်းဝင်ခွင့်ရတယ်လို့ ဝမ်းသာစရာသတင်းကြားတိုင်း မျက်ရည်ဝဲရတယ်။ ခိုးငိုရတယ်။

စိတ်ဓာတ်ကျလိုက် သောက်သုံးမကျလိုက် နဲ့ ဆယ်တန်းဆိုတာကို တော်တော်လေး ရုန်းကန်ခဲ့ရတယ်။ ငါ့စိတ်ထဲမှာ ဆယ်တန်းစာနဲ့ အဆောင်ထမင်းဟင်းကို မမြင်ချင်လောက်အောင်ကို မုန်းသွားတယ်။ စာကျက်တာ ခေါင်းထဲမဝင် လိုက် အတွေးတွေ ချော်လိုက်။ အဲ့စာသင်ဝိုင်းလေးမှာပဲ ပျော်နေလိုက်နဲ့။ တော်တော်လေး တော့ ပြောင်းလဲလာတယ်။ အချိန်တွေက ကုန်တာခဏ လေးပါပဲ။ တစ်ကယ် ခဏ လေးပါပဲ။ 

အဲ့လိုနဲ့ လပတ် စာမေးပွဲတွေဖြေတယ်။ ကျတယ်။ ကျတယ်။

အဲ့အချိန် ငါ့ စိတ်ဓာတ်က တော်တော်ကျနေပြီ။ စာမေးပွဲက ကျေနပ်စရာမရှိအောင် ရလဒ်တွေ မမြင်ရသေးဘူး။ 

ဘုရား တရား နဲ့ ယုံကြည်ရာတွေ လုပ်တယ်ကွာ။ 


ဒီလိုနဲ့ပဲ စာမေးပွဲကြီးဆီရောက်သွားတယ်။

ငါအဲ့မတိုင်ခင် ဆောက်တည်ရာမရ ဖြစ်ခဲ့ပေမယ့်

အဲ့တစ်ခါတော့ ပုံမှန်လေးပဲဖြေတယ်။

ငါ့ကိုယ်ငါ ဘယ်လောက် အယုံကြည်မရှိခဲ့သလဲဆိုရင် အဖြေပြန်ကို မတိုက်ရဲဘူး။ မအောင်လောက်ဘူး ဆိုတဲ့ အတွေးတစ်ချက်ဝင်မခံဘူး။ အဲ့အတိုင်းဖြေသွားတယ်။


ဒီလိုနဲ့ အောင်စရင်းထွက်လာတော့ ငါ အောင်တယ်။

မောင်အံ့မှူးမဟာ ညလ ၄၀၀၇ တဲ့။

ငါ တော်တော်ပျော်တယ်ကွာ သိလား။

ကျရှုံးတဲ့အရသာကို သိပြီးမှ အောင်တော့ အတိုင်းထက်အလွန်ပဲ။ဆရာကြီး ဂုဏ်ထူးဦးအောင်ခိုင် ပြောပြတဲ့ မြေကြီးပေါ်မှာတောင်မထိတော့သလို ခံစားချက်တွေရသွားတယ်။ ပြောရရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်နိုင်လိုက်သလိုပါပဲ။သာမာန်လူနစ်ယောက်အတွက် ရုန်းကန်မှုတစ်ခုလို့ပြောရင် ရီစရာကြီးပါ။

အစ်ကို့ အတွက်တော့ တစ်ကယ်ကိုပါပဲ။ မျော်လင့်ချက်တစ်ခုလိုပါပဲ။ 

အခု အစ်ကို တက္ကသိုလ် ပထမနှစ် တက်နေတယ်။

ဝါသနာပါတာတွေလုပ်နေတယ်။

တက်ကျွမ်းတာလေးနဲ့ ပိုက်ဆံရှာတယ်။

သူငယ်ချင်းအသစ်တွေ နဲ့ အလုပ်တွေလုပ်တယ်။

ခရီးတွေသွားတယ်။


တစ်ချို့လူတွေပြောတဲ့ ဆယ်တန်းမအောင်လဲရတယ်ဆိုတာကြီးကို နားထဲအသွင်းမခံပါနဲ့ ညီလေး။ ဆယ်တန်းအောင်ဖို့ ခံယူချက်အရင်ပြောင်းလိုက်ပါ။ ပြီးမှ ကြိုးစားပါ။

ခံယူချက်လွဲရင် ဦးတည်ရာလွဲသွားမယ်။

(ဥပမာ ဘုရားဖြစ်ဖို့ ခံယူချက်နဲ့ကြိုးစား မှာလား ဒေဝဒက်ဖြစ်ဖို့ ခံယူချက်နဲ့ကြိုးစားမှာလားပေါ့။ )


ငါ့ညီ ကြိုးစားပါ မင်းမညံ့ပါဘူး။



ချစ်တဲ့ အကိုကြီး အံ့မှူးမဟာ

Comments