လူတွေက တစ်နေ့တာရဲ့ 40% လောက်ကို မှတ်မိနိုင်တဲ့ မှတ်ဉာဏ်ရှိပါတယ်။ မှတ်ဉာဏ်တွေဆိုတာ ကိုယ်ရဲ့ အတိတ်ကာလ တစ်ခုကို အမြဲတမ်းတွေးမိနေတာပဲ။
မှတ်ဉာဏ်ဆိုတာ ပျော်စရာအရမ်းကောင်းခဲ့တဲ့အရာတွေဆိုရင်မှတ်မိတာပိုကြာပါတယ်။ ပုံမှန်နေ့တိုင်းသွားလာလှုပ်ရှားတာတွေကတော့ မေ့သွားတာ မမှတ်မိတာများတယ်။ သာမန်ဖြစ်နေကြပုံစံတွေမို့ သင့်အတွက်အထူးအဆန်းမဖြစ်စေတာပါ။
ကျွန်တော်ဘဝရဲ့ မှတ်ဉာဏ်တွေထဲကတစ်ခု ကိုပြောရမယ်ဆိုရင် ပျော်စရာမှတ်ဉာဏ် တွေထက် အဆင်မပြေခဲ့တာမှတ်ဉာဏ်ကာလ အစိတ်အပိုင်းတစ်ခုဖြစ်ပါလိမ့်မယ်။
ကျွန်တော် ဆယ်တန်းကျတုန်းကပေါ့။
တော်တော်လေး အဆင်မပြေခဲ့တာတွေဖြစ်ခဲ့ပါတယ်။
ဆယ်တန်းအောင်မှ လူရာသွင်းတော့ အဲ့အချိန်က ကျွန်တော့်ခံစားချက်က အရှံးသမားလို လူပိုတစ်ယောက်လို
အသုံးမကျတဲ့ လူတစ်ယောက်ဖြစ်ခဲ့ရတယ်။ ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့က ကျွန်တော်စာမေးပွဲအောင်လား ဆိုပြီးလာမေးတိုင်း ပြုံးပြုံးလေးနဲ့ “ငါကျတယ် သားကြီး” ရင်ထဲလောင်နေတာတွေတောင် သူများမသိအောင် ပြန်ဖြေရတဲ့ ခံစားချက်ကို မေ့လို့မရပါဘူး။
ဒါပေမယ့် ပြန်ကြိုးစားဖို့အခွင့်အရေးတစ်ခု ကျွန်တော့် အုပ်ထိန်းသူတွေ ဖန်တီးပေးခဲ့ပါတယ်။
သိန်း၅၀ကျော် ဘော်ဒါဆောင်ကနေ တစ်နှစ်လုံး၁၄သိန်းလောက်ပဲ ပေးရတဲ့နေရာတစ်ခုကိုပြောင်းရတယ်။
အဲ့တစ်နှစ်လုံး တော်တော်ဆင်းရဲ ခဲ့တယ်။
အထူးအဖြင့် စိတ်ပိုင်းဆိုင်ရာပေါ့။
သူများတွေ တက္ကသိုလ်ဝင်ခွင့်တွေ လျှောက်နေတဲ့အချိန် ကျွန်တော်က “ရွှေနှင့်ယိုးမှား “ လို့ဆိုနေရတာ ဘယ်သက်သာမလဲ။ အစားလဲ အဆင်မပြေပါဘူး။ အစားသောက် အဆင်မပြေရင် ကျွန်တော့်ရောဂါက ပြန်ဖြစ်ပြီ အဲ့နှစ်က ဒီလိုအချိန် ကျွန်တော်ဆေးရုံတက်ပြီး သွေးသွင်းနေရပြီ။
ဒီမှာကျွန်တော် အတွက် ကြိုးစားစေချင်တဲ့ အကြောင်းအရာ တစ်ခုရှာတွေခဲ့တယ်။ ကျွန်တော်က motivation ဖြစ်တာတွေထက်
ဝေဖန်တာမျိုးက ပိုပြီးကြိုးစားစေချင်တာမျိူးဖြစ်ခဲ့တယ်။
“အောင်ကိုအောင်ရမှာ သား ကြိုးစားလိုက်” ဆိုတာထက်
“နင်ကျမှာ အဲ့အတိုင်းလုပ်နေ” ဆိုပြီးပြောသံက အားအင်ပိုဖြစ်စေတယ်။ အခုထိအဲ့အတိုင်းပဲ ကျွန်တော် ကိုချီးကျူးတာတွေကစိတ်ထဲမှာတစ်ချက်ပါပဲ ဒါပေမယ့် ကျွန်တော့်ကို “စောက်သုံးမကျတဲ့ကောင်”လို့ပြောရင် နားထဲ ကို စွဲပြီး ငါအဲ့လိုကောင်မဟုတ်ဘူးဆိုပြီး မခံချင်စိတ်တွေ ဖြစ်ခဲ့တယ်။
ကြက်ပေါင်းရည်သောက်ပြီး ဖြေတဲ့နှစ်မှာ စာမေးပွဲကျသွား နောက်နှစ်တော့ မဖြေခင် ဆေးလိပ်သောက်ပြီး အေးဆေးဖြစ်အောင်အထိ ပြင်ဆင်နိုင်ခဲ့တယ်။
ကျရှံးပြီးမှ အောင်မြင်သွားတဲ့ အရသာက တော်တော်လေးချိုမြိန်ပါတယ်။ကြုံဖူးရင်တော့ သိမှာပါ။
Comments
Post a Comment