Skip to main content

ရူးကြောင်ကြောင် အက်ဆေး ၁

ကိုယ့်နေတဲ့ နယ်မြို့လေးက
ကိုယ် ထိုင်နေကျ Tiro Cafe မှာ စီးကရက်မရောင်းဘူး
အလွမ်းတွေ နာကျင်မှုတွေ မရောင်းဘူး စောက်ရူးလုပ်ခံရတဲ့
လူတစ်ယောက် အတွက် ဖြေသိမ့်မှုတွေ မရောင်းဘူး
အိတ်စပတ်ဆို တစ်ခွက်တော့ ရကောင်းရနိုင်ပါတယ်
အမြဲတမ်းကိုင်ထားလို့ အဆင်မပြေနိုင်တဲ့ မင်းရဲ့လက်လို
မားဗီးရက် ကက်စတာ တစ်ဘူးတော့ ယူလာခဲ့ပါတယ်
အထဲ ဝိုင်းတွေ မထိုင်ချင်ဘူး
 sturdy night ပန်းချီကားတွေ ရှိတယ်
အသက်မဲ့ ရုပ်သေးရုပ်တွေ ရှိတယ် 
ဓာတ်တိုင်အောက်က မီးရောင်မှိန်မှိန် ဝိုင်းမှာ ဆိုင်ပိတ်တဲ့အထိ ထိုင်ခဲ့တယ်
 စီးကရက်တွေ တစ်လိပ်ချင်းဖွာတယ် 
ကော်ဖီ တစ်ငုံသောက်ချလိုက်တယ်
အိတ်စပတ်ဆိုတွေ ခါးတယ်ဆိုတာ ကိုယ့်ရဲ့ အတိတ်တွေ မှီမယ်မထင်ဘူးကွယ်
 ကောင်းကင်ပေါ်မော့ကြည့်တော့ သိပ်ရှုပ်ထွေးတဲ့ ဓါတ်ကြိုးတွေ မြင်ရတယ် 
မင်းရဲ့ လုပ်ကွက်တွေလိုပေါ့
အရင်က လို ဖုန်းဆက်ပြီး ဗိုက်အောင့်တယ်ပြောလဲ
ဆေးပြေးဝယ်ပေးရအောင်ထိ မရူးချင်တော့ဘူး
မျက်ရည်လွယ်တတ်လို့ voice mail တွေ နားထောင်ပြီး နောက်တစ်ခါ ထပ်မငိုတော့ဘူး 
ဂိမ်းမဆော့တဲ့ ကိုယ်ဟာ ဂိမ်းပြန်ဆော့နေပြီ
သတ်မယ် ဖြတ်မယ် ပေါ့
လူကြမ်းဆန်တယ် နင့်အကောင် ဟီးရိုးဖြစ်ဖို့ ငါဗီလိန်လုပ်ရတာ သိပ်ကို တရားမျှတလေးခြင်း 
အခု မင်းပျော်နေတယ်ပေါ့
 ဗော်ကာ နှစ်ပတ်လောက်ထည့်ထားတဲ့ ခွက်ထဲရေခဲ ပျော်သွားသလိုမျိုး
မင်းအေးချမ်းနေတယ်ပေါ့
 ရေခဲဘူးထဲ ကရေခဲတုံးလေးလို
ခြွေ လိုက်တဲ့ ပြာတွေထဲ တို့ ရဲ့ အတိတ်တွေ ပါသွားခဲ့ရင်ကောင်းမယ် 
ဘယ်နှစ် တန်းက စတဲ့ သံယောဇဉ်ဖြစ်နေပါစေ
မင်းမေ့နိုင်လိုက်ပါတယ်
ငါလည်း ခံစားနိုင်ပါတယ်


Comments