ကိုယ့်နေတဲ့ နယ်မြို့လေးက ကိုယ် ထိုင်နေကျ Tiro Cafe မှာ စီးကရက်မရောင်းဘူး အလွမ်းတွေ နာကျင်မှုတွေ မရောင်းဘူး စောက်ရူးလုပ်ခံရတဲ့ လူတစ်ယောက် အတွက် ဖြေသိမ့်မှုတွေ မရောင်းဘူး အိတ်စပတ်ဆို တစ်ခွက်တော့ ရကောင်းရနိုင်ပါတယ် အမြဲတမ်းကိုင်ထားလို့ အဆင်မပြေနိုင်တဲ့ မင်းရဲ့လက်လို မားဗီးရက် ကက်စတာ တစ်ဘူးတော့ ယူလာခဲ့ပါတယ် အထဲ ဝိုင်းတွေ မထိုင်ချင်ဘူး sturdy night ပန်းချီကားတွေ ရှိတယ် အသက်မဲ့ ရုပ်သေးရုပ်တွေ ရှိတယ် ဓာတ်တိုင်အောက်က မီးရောင်မှိန်မှိန် ဝိုင်းမှာ ဆိုင်ပိတ်တဲ့အထိ ထိုင်ခဲ့တယ် စီးကရက်တွေ တစ်လိပ်ချင်းဖွာတယ် ကော်ဖီ တစ်ငုံသောက်ချလိုက်တယ် အိတ်စပတ်ဆိုတွေ ခါးတယ်ဆိုတာ ကိုယ့်ရဲ့ အတိတ်တွေ မှီမယ်မထင်ဘူးကွယ် ကောင်းကင်ပေါ်မော့ကြည့်တော့ သိပ်ရှုပ်ထွေးတဲ့ ဓါတ်ကြိုးတွေ မြင်ရတယ် မင်းရဲ့ လုပ်ကွက်တွေလိုပေါ့ အရင်က လို ဖုန်းဆက်ပြီး ဗိုက်အောင့်တယ်ပြောလဲ ဆေးပြေးဝယ်ပေးရအောင်ထိ မရူးချင်တော့ဘူး မျက်ရည်လွယ်တတ်လို့ voice mail တွေ နားထောင်ပြီး နောက်တစ်ခါ ထပ်မငိုတော့ဘူး ဂိမ်းမဆော့တဲ့ ကိုယ်ဟာ ဂိမ်းပြန်ဆော့နေပြီ သတ်မယ် ဖြတ်မယ် ပေါ့ လူကြမ်းဆန်တယ် နင့်...